Wednesday, 11 May 2011
Monday, 2 May 2011
လူ ၃၀၀၀ ကျော် သေဆုံးစေခဲ့သော ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူ ဘင်လာဒင် သေပြီ
| Monday, 02 May 2011 14:39 |
| အမေရိကန်မြေပေါ်တွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်သော လူ ၃၀၀၀ ကျော်သေဆုံးစခဲ့သည့် ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သည့် အယ်လ်ကေးဒါးခေါင်းဆောင် ဘင်လာဒင် သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မေလ ၁ ရက်နေ့ ညပိုင်းတွင် ထုတ် ပြန်ကြေညာသည်။ ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်မြောက်ပိုင်း အဘော့တာဘတ်ရှိ အိမ်ကြီးတစ်ခုတွင် ခိုအောင်းနေသော ဘင်လာဒင်ကို မေလ ၁ ရက်နေ့တွင် အမေရိကန်တပ်ဖွဲ့များက ခြေမှုန်းခဲ့ခြင်း ဖြစ်ကြောင်း အမေ ရိကန် အကြီးတန်း အရာရှိတစ်ဦးက ထုတ်ပြန်ကြေညာသည်။ "အယ်လ်ကေးဒါးတို့ကို နှိမ်နင်းရန် ကျွန်ုပ်တို့နိုင်ငံ၏ ကြိုးပမ်းမှုများတွင် အထင်ရှားဆုံး အောင်မြင်မှု"ဟု အိုဘားမားက ထုတ်ပြန် ကြေညာသည်။ "ကျွန်ုပ်၏ လမ်းညွှန်မှုနှင့်အတူ အမေရိကန်ပြည်ထောင်စုသည် ပါကစ္စတန်၊ အဘော့တာဘတ်ရှိ ခြံဝင်းကို အမေရိကန်ပြည်ထောင်စုက စစ်ဆင်ရေး ဆင်နွှဲခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင် အနည်းငယ်ဟာ သတ္တိပြောင်မြောက်စွာ၊ စွမ်းဆောင်ရည် မြင့်မားစွာနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ အမေရိကန်တစ်ဦးမှ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ပစ်ခတ်မှုတွေအပြီးမှာ ဘင်လာဒင်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူ့အလောင်းကို စစ်ဆေးဖို့ယူဆောင်လာခဲ့ပါတယ်"ဟု အိုဘားမားက ပြောကြားခဲ့သည်။ စစ်ဆင်ရေးနှင့်နီးစပ်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ ကမ္ဘာပေါ်တွင် အလိုရှိဆုံး အကြမ်းဖက်သမား ဘင်လာဒင်သည် ခေါင်းတွင် ကျည်သင့်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က အီရတ်တွင် အမေရိကန် စစ်ဆင်ရေးများ အောင်မြင်ပြီးမြောက်ပြီဟု ကြေညာခဲ့ပြီး ရှစ်နှစ်အကြာတွင်မှ ဘင်လာဒင်ကို အသေမိခဲ့ခြင်း ဖြစ်သည်။ စီအင်န်အင်န်က ပါကစ္စတန်ရှိ GEO TV မှတစ်ဆင့် ကူးယူပြသခဲ့သော မြင်ကွင်းအရ ဘင်လာဒင် သေဆုံးခဲ့သည် ဆိုသော ခြံဝင်းအတွင်းမှ မီးခိုးလုံးများ တက်လာနေပြီး မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။အဘော့တာဘတ်သည် ခီဘာပက်ရှ်ထန်ခ၀ါပြည်နယ်တွင် တည်ရှိပြီး စီအိုင်အေက လူမဲ့ယာဉ်များဖြင့် တိုက်ခိုက်နေသော လူမျိုးစုဧရိယာများတွင် မပါဝင်ပေ။ ထူးခြားချက်မှာ ပါကစ္စတန် စစ်ဘက်၏ သင်တန်းများပေးရာ အဓိကနေရာတွင် တည်ရှိနေသည်။ အမေရိကန်နိုင်ငံ အိမ်ဖြူတော် ပြင်ပတွင် လူရာပေါင်းများစွာသည် ညလုံးပေါက် စုစည်းခဲ့ကြပြီး "ယူအက်စ်အေ၊ယူအက်စ်အေ"ဟု ဟစ်ကြွေးခဲ့ကြသလို "ဟေး၊ဟေး၊ဂွတ်ဘိုင်"ဟု ဘင်လာဒင်ကို ရည်ညွှန်း အော်ဟစ်ခဲ့ကြသည်။နိုင်ငံတော်သီချင်းကို စုစည်းသီဆိုမှုများလည်း ရှိခဲ့သည်။ ၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုတွင် ကွယ်လွန်ခဲ့သော သူများ၏ မိသားစုဝင်များကလည်း ဘင်လာဒင် သတင်းနှင့်ပတ်သက်ပြီး ခံစားချက်များ မျှဝေခဲ့ကြသည်။ "ဒါက ကျွန်တော်တို့အတွက် အရေးပါတဲ့သတင်းပါ။ ကမ္ဘာကြီးအတွက်ရောပေါ့။ ကျွန်တော်တို့ရဲ့ နာကျင်မှုတွေကိုတော့ သက်သာရာရစေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ချစ်တဲ့ သူတွေကိုလည်း ပြန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။ဒါပေမဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုကို ကြိုးကိုင်သူဟာ ဇာတ်သိမ်းမလှခဲ့ဘူး ဆိုတာက သက်သာရာ ရစေပါတယ်။ကမ္ဘာ့အကြမ်းဖက်မှုတွေမှာ သူ့ရဲ့မိစ္ဆာဓာတ် မပျံ့နှံ့တော့ဘူး ဆိုတာလည်း သေချာစေပါတယ်"ဟု ပျံသန်းမှု အမှတ်စဉ် ၉၃ (အကြမ်းဖက်သမားများကို အသေခံ တိုက်ခိုက်ပြီး အိမ်ဖြူတော်သို့ လေယာဉ်ဝင်မတိုးစေဘဲ ပျက်ကျစေခဲ့သည့် လေယာဉ်မှ သူရဲကောင်းများ)၏ မိသားစုဝင်များအဖွဲ့ ဥက္ကဋ္ဌ ဂေါ်ဒွန်ဖဲ့လ်က ပြောကြားခဲ့သည်။ ဘင်လာဒင်သည် ၁၀ နှစ်ကျော်ကြာ လွတ်မြောက်နေခဲ့ပြီး တစ်ချိန်က အာဖဂန်နစ္စတန်ရှိ အကြမ်းဖက်သမား လေ့ကျင့်ရေးစခန်း တစ်ခုတွင် အမေရိကန် ခရုစ်ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးလုနီးပါး ဖြစ်ခဲ့သော်လည်း နာရီပိုင်းမျှ ကပ်လွတ်သွားခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဘင်လာဒင်သည် အောင်မြင်သော အကြမ်းဖက်မှု အမြောက်အများကို ဦးဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ် အောက်တိုဘာလတွင် ဆိုမာလီယာရှိ အမေရိကန်စစ်သားများကို သတ်ဖြတ်မှု၊ ၁၉၉၈ ခုနှစ်က လူ ၂၂၄ ဦး သေဆုံးစေခဲ့သော အရှေ့ အာဖရိကရှိ အမေရိကန်သံရုံးများကို ဗုံးခွဲမှု၊၂၀၀၀ ပြည့်နှစ်က အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်ကိုးလ် ကို တိုက်ခိုက်မှုကြောင့် သင်္ဘောသား ၁၇ ဦး သေဆုံးခဲ့မှုတို့ကို ကြိုးကိုင်ခဲ့သည်။ ဘင်လာဒင် သေဆုံးကြောင်း ကြေညာအပြီးတွင် ကမ္ဘာတစ်ဝန်းရှိ အမေရိကန်သံရုံးများနှင့် အမေရိကန် ပိုင်ဆိုင်သော နေရာများတွင် အရေးပေါ်တပ်လှန့်မှု ပြုလုပ်ထားပြီး ကမ္ဘာတစ်ဝန်းရှိ အမေရိကန်များ သတိ ရှိကြရန် နိုင်ငံခြားရေးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။ ကမ္ဘာ့နိုင်ငံများ၏တုန့်ပြန်ချက်များ "အစ္စရေးနိုင်ငံဟာ အမေရိကန် ပြည်သူတွေနဲ့အတူ အိုစမာဘင်လာဒင်ကို နှိမ်နင်းနိုင်ခြင်း အတွက် အောင်ပွဲခံကြတဲ့ သမိုင်းဝင်နေ့မှာ ပူးပေါင်း ပါဝင်ပါတယ်" - အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု "ဘင်လာဒင်မရှိတဲ့ ကမ္ဘာကြီးဟာ ပိုကောင်းတဲ့ကမ္ဘာကြီး ဖြစ်လာပါပြီ။ သူရဲ့ အမုန်းတရားတွေဟာ ကျွန်တော်တို့အားလုံးအတွက် အန္တရာယ် ဖြစ်စေခဲ့ပါတယ်" - ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး ကားလ်ဘစ်လ်ဒ် "ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ အတူတကွ နီးနီးကပ်ကပ် ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီသတင်းကြောင့် အရမ်းပျော်ရွှင်မိပါတယ်။ ဆိုးရွား လွန်းလှတဲ့ ဘေးဒုက္ခဆိုးတွေကို ဖြစ်ပေါ်စေတဲ့ အကြမ်းဖက်ဝါဒကို တိုက်ခိုက်နေကြတဲ့ ဒီမိုကရေစီအားလုံးအတွက် အောင်ပွဲပါပဲ"- ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလိန်းဂျူပီ "အဆိုးကို အကောင်းက အနိုင်ယူသွားတာပါပဲ။ တရားမျှတမှုက ယုတ်မာရိုင်းဆိုင်းမှုကို အနိုင်ယူသွားတာပါပဲ။ လွတ်လပ်တဲ့ကမ္ဘာနဲ့ ဒီမိုကရေစီအတွက် အောင်ပွဲပါ" - အီတလီနိုင်ငံခြားရေးဝန်ကြီး ဖရန်ကိုဖရက်တီနီ "လွတ်လပ်စွာ တွေးခေါ်ပြီး ငြိမ်းချမ်းစွာ နေထိုင်တဲ့ ကမ္ဘာပေါ်က လူအားလုံးအတွက် သတင်းကောင်းပါပဲ" - ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂူဒိုဝက်စတာဝယ်လီ |
Thursday, 28 April 2011
ပုဂံမြို့ ခရီး သွားလမ်း ညွှန် ပါဝင် သော iPHONE APPS အွန်လိုင်းမှ ရောင်းချ
Friday, 18 March 2011 14:33
itWEEKLY Journal
ပုဂံ မြို့၏ အလှ ဓာတ်ပုံ များ ထောင်ချီ ပါဝင်ပြီး ပုဂံမြို့ နှင့် ပတ်သက် သော ခရီး သွား လာရေး ဆိုင်ရာ အချက် အလက်များ ပြည့် စုံစွာ ပါဝင် သော iPhone နှင့် iPad Touch Application တစ်ခုကို ဗြိတိန် အခြေစိုက် Park Lane Editions Ltd. က အင်တာနက်မှတစ်ဆင့် ရောင်းချ နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ Application သည် Asia Treasures- Bagan 1.0 ဟု အမည် ရပြီး ဈေးနှုန်း အားဖြင့်(၀ . ၉၉) ဒေါ်လာ သာကျ သင့်သော် လည်း ပုဂံ မြို့၏ရှုခင်းအလှပုံများကို HD အရည် အသွေးဖြင့် ထောင်ပေါင်း များစွာ ထည့်သွင်း ပေးထား သလို ပုံညွှန်း စာများကို အင်္ဂလိပ်၊ ပြင်သစ် နှစ်ဘာ သာဖြင့် ဖတ်ရှုနိုင် ကြောင်း၊ မြန်မာ နိုင်ငံနှင့် ပုဂံမြို့၏မြေပုံများ၊ ခရီးသွား လမ်းညွှန်များ၊ ဟိုတယ် လမ်းညွှန်များ စသည်တို့ ကိုပါ ပြည့်စုံစွာပါရှိကြောင်း သိရသည်။ အကြောင်း အရာပိုင်း အား ဖြင့် ပုဂံ၏ ဘုရား ပုထိုး များ၊ ပုဂံရွာသစ်၊ ဧရာဝတီမြစ်၊ ပုဂံသူ/ပုဂံသားများ၊ ပုဂံ ဟိုတယ် များ၊ Thanantar Gate ဟိုတယ်၊ ပုဂံမြေပုံဟောင်းများဟူ၍ အခန်း(၇)ခန်းပါရှိပြီး အကြောင်း အရာ တစ်ခုချင်း အလိုက် ကျယ်ပြန့် စွာသိရှိလို လျှင် အွန်လိုင်းစွယ်စုံကျမ်း ၀ီကီပီးဒီး ယား၌ လွယ်ကူစွာ ကြည့်ရှု နိုင်စေရန် ချိတ်ဆက်ပေးထားကြောင်းသိရသည်။
Wednesday, 20 April 2011
Tuesday, 19 April 2011
Tuesday, 12 April 2011
Monday, 11 April 2011
Saturday, 9 April 2011
Subscribe to:
Posts (Atom)