Pages

Monday, 6 May 2013

ကိုယ်အလေးချိန် ကျစေရန်နှင့် သွေးတိုးကျစေရန် လိုက်နာဖွယ်ရာများ

ကိုယ်အလေးချိန် ကျစေရန်နှင့် သွေးတိုးကျစေရန် လိုက်နာဖွယ်ရာများ

(၁) သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် လတ်ဆတ်သောအသား၊ ငါးများ အဓိကစားသုံးပါ။ စီမံထုတ်လုပ်ထား သောအစားအစာများဖြစ်သည့် ဘီစ ကစ်၊ ကိတ်မုန့်၊ သကြားလုံးများရှောင် ကျဉ်ပါ။

(၂) ငါးကြီးဆီ၊ ပဲဆီ၊ နှမ်းဆီ၊ ထော ပတ်သီးဆီတို့တွင် ပါဝင်သော ဗဟု မပြည့်ဝဆီ (polyunsaturated fat) နှင့် ဧကမပြည့်ဝဆီ (monounsaturated fat)တို့က အ၀မလွန်စေရန်၊ သွေးတွင်းအဆီဓါတ်မလွန်ကဲစေရန် ကူညီပေးသည်။ ထို့ကြောင့်သွေးတိုးရောဂါကာကွယ်ပြီးသားဖြစ်သည်။

(၃) ထမင်းတစ်နပ်၏ တစ်ဝက် (သို့) လေးပုံသုံးပုံသာစားပါ။ ဖြည်းဖြည်း နှင့်ညက်အောင်ဝါးပါ။ မိသားစု၊ မိတ် ဆွေများ စုံညီစားခြင်းဖြင့် ထမင်းစား နှုန်းလျှော့ချနိုင်သည်။

(၄) နံနက်စာကိုအမျှင်ဓါတ်ကြွယ်ဝသော အစားအစာများဖြစ်သည့် ဂျုံကြမ်း၊ နှံစားပြောင်း၊ မြေပဲပြုတ်များ နှင့် သစ်သီးများအဓိကစားသုံးပါ။

(၅) သရေစာအတွက် ပေါင်မုန့်ကြွပ်၊ သစ်သီးခြောက်၊ ဆားမပါပဲလှော်နှင့် ဒိန်ချဉ်တို့ကိုစားသုံးနိုင်သည်။

(၆) အစားအစာတွင်ရေပါဝင်မှုများ လေလေ၊ ကယ်လိုရီသိပ်သည်းဆ နည်းလေလေဖြစ်သည်။ ကြက်သား ဟင်းနှင့် ကြက်သားစွပ်ပြုတ်တွင် ကယ်လိုရီပါဝင်မှု တူညီနိုင်သော်လည်း ကြက်စွပ်ပြုတ်တွင် ရေပမာဏ များများပါသောကြောင့် ကယ်လိုရီပါ သည်ချင်းအတူတူ ပိုမိုတင်းတိမ်စေ သည်။

(၇) မိမိစားသမျှရေးမှတ်ထားပါ။ ကိုယ်အလေးချိန်အောင်မြင်စွာ လျှော့ချနိုင်သူများသည် အစားအ သောက်နေ့ စဉ်မှတ်တမ်း ရေးကြသူ များဖြစ်ကြသည်။

ဇော်ကို
Source: Readers’ Digest

No comments:

Post a Comment